Myanmar Muslim Information Centre

  • Increase font size
  • Default font size
  • Decrease font size

ရေခဲသေတ္တာအနီး ရေနွေးအိုးတည်စဉ် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွား

E-mail Print

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ကျောက်တစ်လုံးလမ်း ညွန့်မောင် (၃၈ နှစ်) ၏ နေအိမ်ကုန်စုံဆိုင်တွင် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီခန့်က ပေါက်ကွဲမီးလောင်မှု တစ်ခုဖြစ် ပွာခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုဖြစ်ပွားပုံမှာ ဖော်ပြပါ အခင်းဖြစ်နေအိမ်တွင် ရေခဲသေတ္တာအနီး၌ ရေနွေးအိုးတည်ရာမှ ရေခဲသေတ္တာအတွင်းရှိ အမိုးနီးယားဓာတ်ငွေ့မှာ ရေနွေးအိုးမှ ထွက်ရှိသည့် အပူငွေ့နှင့် ပူးပေါင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ မီး လောင်မှုကြောင့် ကုလားထိုင်တစ်လုံး၊ စာအုပ်စင်တစ်ခုနှင့် အခြား အိမ်တွင်းပရိဘောဂ ပစ္စည်းအချို့ မီး လောင်ဆုံးရှုံးပြီး မီးသတ်အဖွဲ့နှင့် ပြည်သူလူထုတို့ တက်ညီလက်ညီ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရှိရသည်။ မီးပေါ့ဆသူ ကိုညွန့်မောင်အား တောင်ကြီးမြို့၊ အမှတ် (၁) ရဲစခန်းမှ (ပ)၃၆၃/၂၀၀၉ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ စစ်ဆေးနေကြောင်း သတင်းရ ရှိသည်။ ( Enjoy Journal )

Last Updated on Tuesday, 09 February 2010 10:42
 

နယူးယောက်ကြယ်ငါးပွင့် ဟိုတယ်တွင် (၈) နှစ်အရွယ်ရင်သွေးကို သတ်ပြီး မိခင်ပါ ကိုယ့်ကိုယ်ကို သတ်သေမှုဖြစ်

E-mail Print

သောကြာ (၅.၂.၁၀) နေ့က နယူးယောက်မြို့ကြယ်ငါးပွင့်အဆင့်ရှိ ပင်နင်ဆူလာဟိုတယ်တွင် တစ်ရက်လျှင် အခန်းငှားခဒေါ်လာ (၁၀၀၀) ပေးရသည့် အခန်းမှကြွယ်ဝသော အထက်တန်း လွှာ မန်ဟက်တန် အရက်ကုမဏီ သူဌေးမ ဂီဂီဂျော်ဒန် (၄၉) နှစ်သည် စောစော ပိုင်းက ဘယ်လ်ဂျီယံရှိ ဆွေမျိုးတစ်ဦးထံ သူမ၏သားမိုက်ကယ်ဂျူ (၈) နှစ်ကို သတ်ရတော့ မည်ဖြစ်ကြောင်း သို့မှသာ သူမဘဝထူထောင် နိုင်မည်ဖြစ်ကြောင်း အီးမေးလ်ပို့ခဲ့ဖူး သည် ဟု ဆိုသည်။ မနှောင့်ယှက်ပါနှင့် စာတမ်းကို တံခါးဝတွင် (၂) ရက်ခန့်ချိတ်ထားသည်ကို တွေ့ရ ပြီး ဂျော်ဒန်သည် အခန်းမှလုံးဝအပြင်မထွက်သည်ကို သတိထားခဲ့သည့်နောက် ရဲများခေါ်ယူ၍ တံခါးဖျက်ဝင်ရောက် စစ်ဆေးကြ သည့် အချိန်တွင် သားမိုက်ကယ်ဂျူ၏ ပါးစပ်မှ အမြုပ်များ အံထွက်ကျ သေဆုံးလုနီးပါး ရှိနေကြောင်း တွေ့ရှိရပြီး မိခင်ဂီဂီဂျော်ဒန် ကိုယ်တိုင် ကိုယ့်ကိုယ်ကို သတ်သေသည့် အနေဖြင့် ဆေးတောင့်များ အလွန်အကျွံမျိုချထားပြီး သတိ လက်လွတ်ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ ယခုအခါ ၎င်းတို့ကို ဘယ်လီဗျူးဟိုတယ်သို့ အရေးပေါ် ကုသ ရန် ခေါ်ဆောင်သွား ခဲ့ကြပြီဖြစ်ပြီး အမျိုးသမီးအား လူသတ်မှုနှင့် ကိုယ့်ကိုယ် ကို သတ်သေမှုတို့ဖြင့်  အရေးယူထား သည်။ ( International News)

Last Updated on Tuesday, 09 February 2010 09:31
 

ယူအေအီးတွင် မိုးသည်းထန်စွာ ရွာသွန်း

E-mail Print

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အနည်းဆုံး လူ(၂)ဦး သေဆုံးခဲ့ ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ရက်စ် အယ်လ်ကိုင်မား ဒေသတွင် အပြင်းအထန် မိုးကြီးနေပြီးနောက် မော်တော်ယာဉ် မောင်းနှင်လာသူ တစ်ဦးသည် လမ်းချော်မှုကို မထိန်းနိုင်ဘဲ အခြားကား တစ်စင်းအား ၀င်တိုက်မိပြီး  နောက် ယခုလို သေဆုံး သွားခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ (၇)ရက်နေ့က ယာဉ်တိုက်မှုအတွင်း ယာဉ်မောင်းဖြစ်သူ အသက်(၅၄)နှစ်အရွယ် ပါကစ္စတန်လူမျိုးမှာ ပွဲချင်းပြီး သေဆုံးသွားပြီး ယင်း၏ကားတွင် လိုက်ပါ လာသည့် ဆွေမျိုးနှစ်ဦးနှင့် အခြားကားမှ အိန္ဒိယသား ယာဉ်မောင်းတို့မှာ ပြင်းပြင်း ထန်ထန် ဒဏ်ရာရသွားကြောင်း Gulf News သတင်းဌာနက ဖော်ပြ ခဲ့သည်။ ၎င်းမတိုင်မီကလည်း အသက် (၃၅)နှစ်ရှိ ဆိမိုဟာမက် အလီဟာဘက်စ်အမည်ရှိ လူတစ်ဦးသည် ၀ါဒီဂါလီလာ ရေကာတာအနီး မောင်းနှင်လာစဉ် ရေလှောင်ကန်ထဲ ၎င်း၏ ပစ်ကပ်ထရပ်ကား ချော်ကျပြီးနောက် ရေနစ်သေဆုံး သွားခဲ့ သည်။ ယင်းဒေသများအနီး မိုးအလွန်သည်းထန်မှုကြောင့် လမ်းချော်ခြင်း၊ မြေပြိုခြင်းနှင့် အချို့နေရာများတွင် ရေကြီးခြင်း များ ဖြစ်ပေါ်နေကြောင်း UAE အာဏာပိုင်များက အတည်ပြု ပြောဆိုထားပြီးဖြစ်သည်။ ( Hikmah.info)

Last Updated on Tuesday, 09 February 2010 08:44
 

အမျိုးသမီးများအား လူမှောင်ခိုကူးမှု စင်ကာပူနိုင်ငံသား နှင့် ပြည်တွင်း ကုမ္ပဏီအား အမည်ပျက်စာရင်းသွင်း

E-mail Print

မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုးသမီးများကို လိမ်လည် လူမှောင်ခိုကူးသည့် လုပ်ငန်း များအား ဆောင် ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် စင်ကာပူနိုင်ငံသားတစ်ဦးနှင့် ၄င်း ပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား အမည် ပျက်စာရင်း ထည့်သွင်းသတ်မှတ်လိုက်ကြောင်း ကြေညာချက် များအားနေပြည်တော်ရှိ ၀န်ကြီး ဌာနအချို့တွင် သတိပေးထုတ်ပြန် ထားကြောင်း စုံစမ်းသိရှိရပါသည်။ စင်ကာပူ နိုင်ငံသား သည် ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွက် လုပ်ငန်း ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားရာတွင် မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုးသမီးငယ် များအား လိမ်ညာ လူမှောင်ခိုကူး သည့် လုပ်ငန်းဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိ သောကြောင့် စင်ကာပူနိုင်ငံ မြန်မာသံအမတ်ကြီးက နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တင်ပြ အကြောင်း ကြားခဲ့ကြောင်း၊ ထိုကဲ့သို့ အကြောင်းကြား လာမှုအပေါ်တွင် ပြည်ထဲရေး ၀န်ကြီး ဌာန၏ စစ်ဆေးပေါ်ပေါက်ချက်အရ စင်ကာပူနိုင်ငံသားတစ်ဦး၏ ငွေးကြေးနှင့် အဖွဲ့အစည်း တည်ထောင် ထားသော အထွေထွေဝန်ဆောင်မှု ကုမ္ပဏီကို ဖျက်သိမ်းပြီး ကုမ္ပဏီနှင့် စင်ကာပူ နိုင်ငံသား အပါ အ၀င် လူပုဂ္ဂိုလ်များအား အမိန့်ကြေညာစာ ထုတ်ပြန်သည့် နေ့မှစ၍ အမည်ပျက် စာရင်းတွင် ထည့်သွင်း သတ်မှတ် လိုက်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ ထိုကဲ့သို့ အမည်ပျက်စာရင်း ထုတ်ပြန် ကြေညာရာတွင် စင်ကာပူ နိုင်ငံသားတစ်ဦးနှင့် အတူကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်ဆိုသူ မြန်မာအမျိုးသမီး နှစ်ဦး လည်း ပါဝင်ကြောင်း သိရှိရသည်။  (Khitlunge)

Last Updated on Monday, 08 February 2010 08:24
 

အရှည်၁၁ပေ မိကျောင်းနဲ့အတူ ရေအောက်မှာ ဓာတ်ပုံအရိုက်ခံတဲ့သူ

E-mail Print

အရမ်းသတ္တိကောင်းတာလား၊ ရူးရူးမိုက်မိုက် စွန့်စားလွန်းတာလားဆိုတာ တွေးကြည့်ဖို့ ခက်ပါလိမ့်မယ်။ ရေထဲ ဆင်းပြီး အရှည်(၁၁)ပေရှိတဲ့ မိကျောင်းကြီးနဲ့ အတူတွဲပြီး ဓာတ်ပုံရိုက်ဖို့ဆိုတာ တော်ရုံလူတစ်ယောက် စိတ်ကူး တောင်ယဉ်မကြည့်ရဲတာ သေချာပါတယ်။ ဒါပေမယ့် အစ်ဇ်ရေးလ်ဂွန်ဇာလက်ဇ်ကတော့ အလေးချိန် ပေါင် (၁၀၀၀) ကျော်ရှိမယ့် အဲဒီအဏ္ဏ၀ါမုဆိုးကြီးနဲ့ ဓာတ်ပုံအတူရိုက်ဖို့ စိတ်ပါလက်ပါ လုပ်ခဲ့တာပါ။ အသက် (၃၁)နှစ် အရွယ် လူစွန့်စားဟာ ကျူးဘားကမ်းလွန် ရေအောက်မှာ အန္တရာယ်များလှတဲ့ ဒီအလုပ်ကို လုပ်ပြခဲ့တာဖြစ်ပါ တယ်။ ဘုရင်မဥယျာဉ်လို့ နာမည်ပေးထားတဲ့ အဲဒီရေပြင်မှာ မိကျောင်းမကြီးက သူ့အသိုက်ကို အပြန်မှာ အစ်ဇ်ရေးလ်က လိုက်ပြီးတော့ ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။အသက်ဘေးနီးလှတဲ့ အခုဓာတ်ပုံကိုတော့ အစ်ဇ်ရေးလ်ရဲ့ သူငယ်ချင်း ရေအောက်ဓာတ်ပုံဆရာ ဒေးဗစ်ဒူဘီလက်က ရိုက်ပေးခဲ့တာပါ။ ကျူးဘားတောင်ပိုင်း မိုင်(၆၀) လောက် အကွာက ကျွန်းစုလေးတွေ ပျံ့ကြဲနေတဲ့ နေရာမှာ ရိုက်ခဲ့တဲ့ပုံနဲ့ ပတ်သက်ပြီး ဓာတ်ပုံဆရာ ဒူဘီလက်က “နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ကျူးဘားမိကျောင်းကြီး တစ်ကောင်ကို ခုလိုပုံစံ ဆက်ဆံတာ အရမ်းကိုကြောက် စရာ ကောင်းပါတယ်”လို့ ၀န်ခံခဲ့ပါတယ်။ လူစွန့်စား အစ်ဇ်ရေးလ် ကိုယ်တိုင်ကလည်း သူဟာ ခပ်ကြောက် ကြောက် နဲ့ လုပ်ခဲ့တယ်ဆိုတာ ပြောပြသွားပါတယ်။ ဘုရင်မဥယျာဉ်ဟာ ကျူးဘား ငါးဖမ်းသမားတွေနဲ့ အပျော် တမ်း ရေငုပ်သမားတွေ အများဆုံးရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ အဲဒီရေပြင်မှာ အမေရိက မိကျောင်းမျိုးတွေ နေထိုင် လေ့ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အမေရိကန် မိကျောင်း မျိုးဟာ ဖလော်ရီဒါမှာလည်း အကောင်(၁၅၀၀)လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကမ္ဘာပေါ်မှာ မိကျောင်း အထူထပ်ဆုံး ဒေသတွေကတော့ အီဂျစ်နိုင်ငံ၊ အာဖရိကတိုက်ကာ ဆာဟာရကန္တာရနဲ့ ဆက်စပ်နေတဲ့ မြစ်ချောင်းတွေ၊ ဩစတြေးလျနိုင်ငံတို့ပဲ ဖြစ်တယ်လို့ သိရှိရပါတယ်။ (PLANET Myanmar)

Last Updated on Monday, 08 February 2010 08:08
 

ကလေး ၃၉ဦးကို ပြွှတ်သိပ် တင်ဆောင် လာသည့် တက္ကစီဒရိုင်ဗာ ဖမ်းဆီးခံရ

E-mail Print

တောင်အာဖရိကနိုင်ငံမှ ရဲများသည် အရက်မူးပြီး ကားမောင်းလာသည့် တက္ကစီဒရိုင်ဗာ တစ်ဦးအား တားဆီး စစ်ဆေးခဲ့ပြီးနောက် ၎င်း၏ကားအတွင်း ကလေးငယ် (၄၉)ဦးကို ပြွတ်သိပ်တင်ဆောင်လာကြောင်း အံ့အား သင့်ဖွယ် တွေ့ရှိခဲ့သည်။ ဂျိုဟန်နက်စဘက်မြို့နေ အသက်(၂၆)နှစ်အရွယ် ယင်းတက္ကစီဒရိုင်ဗာသည် ကွာဇူးလူးနာတယ်ခရိုင်ရှိ Check-Point ကို ဖြတ်သန်းစဉ် ရဲများက တားဆီးစစ်ဆေးခဲ့ရာ အသက်(၃)နှစ်မှ (၁၃)နှစ်ကြား ကလေး(၄၉)ဦးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒရိုင်ဗာ အပါအ၀င် လူ(၅၀)အား တင်ဆောင် လာသည့် ယင်းတက္ကစီသည် ပုံမှန်အားဖြင့် လူ(၁၆)ဦးသာဆံ့သည်။ ၎င်းက ကလေးများ ကျောင်း နောက်ကျ နေသဖြင့် တင်ခေါ်လာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ဆေးစစ်မှုအရ ယင်း၏ သွေးထဲတွင် သတ်မှတ် ပမာဏထက် အယ်လ်ကိုဟော အများအပြား တွေ့ရှိခဲ့ပြီးနောက် ရဲများ၏ ဖမ်းဆီးမှုကို ခံလိုက်ရတော့သည်။ “ခုတော့ အဲဒီလူကို ထောင်ထဲထည့်ထားလိုက်ပါပြီ”ဟု ဂျိုဟန်နက်စဘက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဌာနမှ ထောက်လှမ်းရေးမှူး ကိုလင်ဂိုဗန်ဒါက ပြောကြားခဲ့သည်။ တောင်အာဖရိကတွင် (၂၀၁၀)ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပချိန် နီးကပ်လာသည်နှင့်အမျှ အာဏာပိုင်များသည် တက္ကစီဒရိုင်ဗာများ၏ အမူအကျင့် ကြောင့် ကမ္ဘာလှည့်ခရီးသည်များ စိတ်ပျက်သွားခြင်းမျိုး မဖြစ်စေရန် ယခုကတည်းက အပြင်းအထန် ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ တောင်အာဖရိကတွင် ယခုလက်ရှိ သုံးစွဲနေသည့် တက္ကစီများမှာ အများအားဖြင့် မီနီဘတ်စ်များ ဖြစ်ကြပြီး မကြာခဏ အသေအပျောက်ရှိသည့် ယာဉ်တိုက်မှုများလည်း ဖြစ်ပွားလေ့ရှိကြောင်း သတင်းရရှိသည်။ (Hikmah.info)

Last Updated on Sunday, 07 February 2010 09:43
 

အီဂျစ်ဘောလုံးအသင်း ကမ္ဘာ့ထိပ်တန်း ၁၀သင်း စာရင်းဝင်လာ

E-mail Print

အသင်းစည်းလုံးမှုအတွက် အစ္စလာမ် ဘာသာဝင်များကိုသာ စုစည်းရွေးချယ်ကာ အာဖရိကဖလားတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက် ဗိုလ်စွဲခဲ့သည့် အီဂျစ်အသင်းသည် ယခုအခါ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ ကမ္ဘာ့အဆင့် ထုတ်ပြန်ချက်တွင် ထိပ်တန်း(၁၀)သင်းသို့ စာရင်းဝင်လာခဲ့ပြီဖြစ်သည်။ အီဂျစ်နည်းပြသည် အသင်းအတွင်း ဘာသာရေး ညီမျှသောစိတ်ဓာတ်ကြောင့် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်နိုင်ရန် အစ္စလာမ် ဘာသာဝင်များကိုသာ ရွေးချယ်ခဲ့ကြောင်း အန်ဂိုလာတွင် ကျင်းပသည့် ဘောလုံးပြိုင်ပွဲကြီးမတိုင်မီ အတည်ပြု ကြေညာခဲ့သည်။ အီဂျစ်သည် ဇန်န၀ါရီလ (၃၁)ရက်နေ့က ဂါနာအား (၁-၀)ဖြင့် အနိုင်ယူကာ အာဖရိကတိုက်၏ ဂုဏ်ကျက်သရေ အမြင့်မားဆုံး ဘောလုံးပြိုင်ပွဲကြီး၏ သရဖူကို (၃)နှစ်ဆက်တိုက် ထိန်းသိမ်းနိုင်ခဲ့သည်။ (၂၀၁၀)ခုနှစ် အာဖရိကဖလား ဗိုလ်စွဲမှုသည် ဖာရိုးဘုရင်များကြောင့် သမိုင်းဂုဏ်ရောင် တောက်ပြောင်ခဲ့သည့် အီဂျစ်နိုင်ငံတော်အတွက် (၇)ကြိမ်မြောက်အဖြစ် အများဆုံး ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အီဂျစ်သည် FIFA၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် နံပါတ်(၁၀)ထိ တက်လာခဲ့ပြီး အာဖရိကနိုင်ငံများ အားလုံးတွင် အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအဖြစ် ရပ်တည်နေသည်။ ဒုတိယနေရာမှ နိုက်ဂျီးရီးယားမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ နံပါတ်(၁၅)တွင်သာ ရှိနေခဲ့သည်။ အီဂျစ်မတိုင်မီက ကမ္ဘာ့အဆင့်တွင် အမြင့်ဆုံး ရပ်တည်နိုင်ခဲ့သည့် အာဖရိကအသင်းအဖြစ် (၁၉၉၄)ခုနှစ်၊ နိုက်ဂျီးရီးယား လက်ရွေးစင်အသင်းက ပဉ္စမနေရာထိ ရောက်ရှိခဲ့ဖူးသည်။ အီဂျစ်အတွက်မူ နိုင်ငံလက်ရွေးစင် သမိုင်းတွင် ယခုတစ်ကြိမ်မှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အတွက် အမြင့်ဆုံး ရပ်တည်နိုင်မှုအဖြစ် မှတ်တမ်းဝင်သွားသည်။ ဥရောပချန်ပီယံ စပိန်သည် ကမ္ဘာ့အဆင့်တွင် နံပါတ်(၁)နေရာအား ချုပ်ကိုင်ထားဆဲဖြစ်ပြီး ဒုတိယနေရာတွင် ဘရာဇီးလ်က ကပ်လိုက်နေသည်။ ကျန်ထိပ်တန်း (၁၀)သင်းစာရင်းတွင် ဥရောပ ဘောလုံးအင်အားကြီး နိုင်ငံများနှင့် တောင်အမေရိကထိပ်သီး အာဂျင်တီးနားတို့ကသာ လွှမ်းမိုးထားကြောင်း သိရှိရသည်။ (Hikmah.info)

Last Updated on Sunday, 07 February 2010 09:32
 

တရုတ်အဝေးပြေး လမ်းမပေါ်မှ ခြောက်ခြားစရာအဖြစ်

E-mail Print

တရုတ်နိုင်ငံ၏ အဝေးပြေးလမ်းမတစ်ခုတွင် ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သော ယာဉ်ကြော ပိတ်ဆို့မှုများအား “အဝေးပြေးလမ်းမမှ ခြောက်ခြားစရာရုပ်ရှင်”အဖြစ် အာဏာပိုင်များက ခိုင်းနှိုင်းပြောဆိုခဲ့သည်။ ဇန်န၀ါရီလ (၂၇) ရက်နေ့က ယူယာအို၊ ရှန်ယူနှင့် ဇီဂျီအန်းတို့ကြား ရှည်လျားသော အဝေးပြေး ကားလမ်းမကြီးတွင် မြူများ ဆိုင်း လျက်ရှိနေသည်။ မြင်ကွင်း မရှင်းမှုကြောင့် ဂရုတစိုက် ကားကိုမောင်းနှင်လာသည့် ယာဉ်မောင်းတစ်ဦးသည် မြူ နှင်းများကြားမှ ရုတ်တရက် ထွက်ပေါ်လာသည့် လူသေအလောင်းထည့်သော အနီရောင် အခေါင်းကြီး (၂)လုံး အား ရုတ်တရက် တွေ့လိုက်ချိန်တွင် အလွန်တုန်လှုပ်ခြောက်ခြားသွားပြီး ကားနှင့်မတိုက်မိစေရန် အလောတကြီး ရှောင်တိမ်းလိုက်ရသည်။ ထိုအဖြစ်ကို ကြုံခဲ့သူမှာ ယင်းတစ်ယောက်တည်း မဟုတ်ချေ။ အာဏာပိုင်များ၏ အဆို အရ ထိုနေ့က အဝေးပြေး လမ်းပေါ်တွင် ရှိနေသည့် အခေါင်းကြီးများကြောင့် ယာဉ်ကျောပိတ်ဆို့မှုနှင့် ယာဉ်တိုက် မှု အချို့ ဖြစ်ပွားခဲ့ရကြောင်း တရုတ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “တကယ့်ကို သရဲကား တစ်ကားထဲက မြင် ကွင်းအတိုင်းပါပဲ။ ရှေ့ကိုမြင်ဖို့ အရမ်းခက်တဲ့အချိန် မြူတွေကြားကနေ ကျွန်တော့်ရှေ့ကို အခေါင်းကြီးနှစ်ခု ဘွားကနဲပေါ်လာတာ မြင်လိုက်ရတာ။ ဘယ်လောက် တောင် လန့်သွားမလဲ စဉ်းစားကြည့်လို့ ရပါတယ်”ဟု ယာဉ် မောင်းတစ်ဦးက ယင်း၏ အတွေ့အကြုံကို Xinhua သတင်းဌာနသို့ ပြောပြသွားသည်။ အခေါင်းကြီးများကို ကြောက် လန့်သဖြင့် ယာဉ်တိုက်မှုများ ဖြစ်ခဲ့သည့်တိုင် ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမား ဒဏ်ရာရရှိမှု မကြုံခဲ့ရကြောင်း ရဲများကဆိုသည်။ နောက်ပိုင်းစုံစမ်းမှုများအရ အလောင်းမပါသော ယင်းအခေါင်းလွတ်ကြီး များ သည် ထရပ်ကားတစ်စင်းမှ ကျကျန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက်တွင်တော့ ရဲများနှင့် ကယ်ဆယ်ရေး လုပ်သားများက အခေါင်းများကို လမ်းဘေးသို့ ချပေးခဲ့ရပြီး ယခုအခါ နမော်နမဲ့နိုင်လှသည့် ထရပ်ကား ယာဉ် မောင်းအား ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း သတင်းရရှိသည်။ (Hikmah.info)

Last Updated on Sunday, 07 February 2010 09:25
 

အင်ဒိုနီးရှားတွင် ရုံတင်ပြနေသည့် သရဲကား ပိတ်ပင်ပေးရန် အစိုးရထံပန်ကြား

E-mail Print

အင်ဒိုနီးရှားတွင် ရုံတင်ပြသနေသည့် ထိတ်လန့်သည်းဖို သရဲကားအား ပိတ်ပင်ပေးပါရန် နိုင်ငံ၏ အဆင့်အမြင့် ဆုံး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက အစိုးရထံ ပန်ကြား လိုက်သည်။ ကမ္ဘာပေါ်တွင် အစ္စလာမ် ဘာသာဝင် အများဆုံး မှီတင်းနေထိုင်သည့် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဖြစ်သော ဂျာကာတာတွင် ဖေဖော်ဝါရီလ (၄)ရက်နေ့မှစပြီး Hantu Pancak Datang Bulan (ပန်ကွတ်မှ Menstruating ဖြစ်နေသော သရဲ)အမည်ရှိ ဇာတ်ကားကို ရုံတင်ပြသခဲ့ရာ ချက်ချင်းလိုလို ဝေဖန်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ “သရဲကားလို့ နာမည်တပ်ထားတဲ့ အဲဒီရုပ်ရှင်ကို ကျွန်တော်ကြည့်လိုက်ပါတယ်။ Sex Sceneတွေ၊ အကြမ်းဖက်တာတွေ၊ စိတ်ဓာတ်ပျက်ပြားစေမယ့် ကိစ္စတွေ အများကြီးပါတယ်။ ဒါကြောင့်လည်း ဆင်ဆာဘုတ်အဖွဲ့ကို အကြောင်းကြားပြီး ဒီရုပ်ရှင်ကို ဆက်မပြပါနဲ့လို့ တောင်းဆိုထားပါတယ်”ဟု အင်ဒိုနီးရှား အူလီမာကောင်စီမှ အမစ်ဆာတမ်ဘူနန်က AFP သတင်းဌာနသို့ ပြောကြားသွားသည်။ “အစ္စလာမ် ဘာသာဝင်တွေမှာ ရုပ်ရှင်ကြည့်ခွင့် ရှိပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကိုတော့ မကြည့်ဖို့ တိုက်တွန်းပါရစေ။ အဲဒီဇာတ်ကားမှာ အစ္စလာမ် ဘာသာရေးနဲ့ မလျော်ညီတဲ့ အခန်းတွေ အများကြီးပါနေတယ်”ဟုလည်း တမ်ဘူနန် ကဆိုသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ အမြင့်ဆုံး အစ္စလာမ်ဘာသာရေး ကောင်စီအနေနှင့် ထိုဇာတ်ကားအား အစ္စလာမ်ဘာသာဝင်များ မကြည့်ရှုရဟု ကန့်သတ်ပိတ်ပင်မှုမျိုး ပြုလုပ်ရန် အစီအစဉ်မရှိကြောင်းလည်း ဖြည့်စွက်ပြောကြားသွားသည်။ မင်းသမီး အန်ဒီဆိုရာယာ အဓိကပါဝင်ထားသည့် Hantu Pancak Datang Bulan ဇာတ်ကားသည် အထူးပြုလုပ်ချက်များ ထည့်သွင်း ရိုက်ကူးထားသည့် တစ္ဆေ ဇာတ်ကား ဖြစ်သည်။ အင်ဒိုနီးရှား အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များသည် အသက်(၂၃)နှစ် အရွယ် ဂျပန်အပြာ ရုပ်ရှင်စတား မာရီယားအိုဇာဝါ အင်ဒိုနီးရှားသို့ ပြီးခဲ့သည့်နှစ် စက်တင်ဘာ လက လာရောက်ခဲ့စဉ်ကလည်း ဆန့်ကျင်မှုများ ပြုလုပ်ခဲ့သည်။ ဂျပန်တွင် မီယာဘီဟု လူသိများသည့် အဆိုပါ မင်းသမီးက Menculik Miyabi (မီယာဘီအား ပြန်ပေး ဆွဲခြင်း)အမည်ရှိ ဟာသဇာတ်ကားကို ရိုက်ကူးရန် အင်ဒိုနီးရှားသို့ လာရောက်ခဲ့ခြင်းဖြစ်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့များက ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ (Hikmah.info)

Last Updated on Saturday, 06 February 2010 10:05
 

ပုဂ္ဂလိက ဆေးခန်းများရှိ လူနာများအား လိုက်၍ လိမ်လည်သူ တစ်ဦးကို ဖမ်းမိ

E-mail Print

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးခန်းများတွင် လူနာများထံမှ ငွေကြေးလိမ်လည်နေသူတစ်ဦး အား စမ်းချောင်းမြို့နယ်ရှိ နာမည်ကြီး ပုဂ္ဂလိကဆေးခန်းမှ လုံခြုံရေး ၀န်ထမ်းများက ၀ိုင်းဝန်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁၉ ရက် နံနက် ၈ နာရီဝန်းကျင် တွင် အသက် ၄၀ နှစ်ဝန်းကျင် အရွယ်  အမျိုးသားတစ်ဦးသည် အဆိုပါဆေးခန်းသို့ တစ်ဦး တည်း ၀င်ရောက်လာသည်။ ထိုအမျိုးသား၏ အသွင်အပြင်လှုပ်ရှားမှုသည်ယခင်ကဆေးခန်း တွင်  လိမ်လည်ခဲ့သူနှင့် တူညီနေပြီး မသင်္ကာ၍ လုံခြုံရေး ၀န်ထမ်းများက သတိထားစောင့် ကြည့်ခဲ့ကြသည်။ လုံခြုံရေး ၀န်ထမ်းများက စောင့်ကြည့်နေချိန်တွင် ၄င်း သည် နယ်ဘက်မှ သားဖြစ်သူ ဆေးခန်းပြနေသည်ကို လာရောက်ကြည့်ရှုသော အဘိုးအိုတစ်ဦးအားမိမိကိုယ် ကို ဗိုလ်မှူး ဟု ပြောဆို၍ လိမ်လည်ရန် စည်းရုံးခဲ့ကြောင်းသိရသည်။ “မွန်ပြည်နယ်ကအဘိုး ကြီးက  သားဆေးရုံတက်လို့ လာကြည့်တာ ဖြစ် တော့ လူနာစောင့်သမီးကို သွားခေါ်တယ်။ အဲဒီ့အချိန်မှာ  အဘိုးကြီးကို လုံခြုံရေး ၀န်ထမ်းတွေ မေးမြန်းကြည့်တော့ အဲဒီ့ လူက အသိ မိတ်ဆွေ မဟုတ်တဲ့ အကြောင်းပြောတယ်။ အဲဒီ့အချိန်မှာ ဆေးခန်းထဲမှာ လုံခြုံရေးတွေများ လာတာ သိတော့ အဲဒီ့လူက ထပြေးဖို့လုပ်တဲ့ အချိန်မှာ ၀ိုင်းဖမ်းလိုက်တာပါ” ဟုမျက်မြင်ကြုံ ခဲ့သူ တစ်ဦးကပြောသည်။  အဆိုပါ အမျိုးသားသည် ယခင်က ထိုဆေးခန်းတွင်ပင် လူနာ များကို သုံးကြိမ်တိုင်လာရောက် လိမ်လည်၍ ငွေကြေး ရယူခဲ့ဖူးသောကြောင့်ဆေးခန်းလုံ ခြုံရေး စီစီတီဗွီကင်မရာမှ ရိုက်ယူထားနိုင်သဖြင့် လုံခြုံရေးဝန်ထမ်းများ မှတ်မိနေခြင်း ဖြစ် ကြောင်း သိရသည်။ ၄င်းအမျိုးသားသည် ရွှေဂုံတိုင်ရှိ နာမည်ကြီး ပုဂ္ဂလိက ဆေးခန်းတွင် လည်း လိမ်လည်ခဲ့ဖူးပြီး၊ ယခုအကြိမ်သည် ရှစ်ကြိမ်မြောက် လိမ်လည်ရန် ကြိုးပမ်းချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။ ( Khitlunge)

Last Updated on Saturday, 06 February 2010 09:48
 
More Articles...
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »


Page 1 of 138
Banner

News Letter


Name:

E-mail:

Poll

သင်နေ့ စဉ်
 

Visitor Data

Your IP
38.107.191.101
United States United States :
Browser
Unknown Browser Unknown Browser
Operating System
Unknown Operating System Unknown Operating System
Cache Directory Unwriteable

ကြေငြာချက်

  • MMIC မှ သတင်းများ ထပ်ဆင့် ဖေါ်ပြလိုပါက Hikmah.info ဟု Credit ပေးရန် လိုအပ် ပါကြောင်း မေတ္တာ ရပ်ခံ အပ်ပါသည်။

Poll2

မြန်မာ မွတ်စလင်များ သည်