|
မိဘမဲ့ဂေဟာတစ်ခု မီးရှို့ဖျက်ဆီး |
|
Wednesday, 27 August 2008 |
|
ယမန်နေ့က အိန္ဒိယနိုင်ငံ သြရိဿပြည်နယ်တွင် ဟိန္ဒူအစွန်းရောက် သမားများက ခရစ်ယာန် သာသနာပြု မိဘမဲ့ ကလေးဂေဟာတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ကပြောကြား
သည်။ ယင်းဂေဟာရှိ ထမင်းချက် အမျိုးသမီးသည် ကလေးသူငယ်များအား အစွန်းရောက်သမား များ၏ ရိုက်နှက်ခြင်း မှတားဆီးရပ်တန့်ရန် ကြိုးစားခဲ့သဖြင့် မီးလောင်နေသော အဆောက်အအုံ ထဲသို့ ပစ်ချခံခဲ့ရသည်။ ယင်း အဖြစ်အပျက်သည် ပြီးခဲ့သည့် စနေနေ့က ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ဦး အသတ်ခံရမှုအပေါ် မကျေနပ်သော ၎င်း၏နောက်လိုက် အစွန်းရောက်သမားများက သံသယဖြစ်ဖွယ် ခရစ်ယာန်ဘာသာ ၀င်များကိုလက် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။ (ဘီဘီစီ) |
|
FEC ဖြင့် စက်သုံးဆီများကို ဝယ်ယူခွင့် |
|
Tuesday, 26 August 2008 |
|
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းမှ စက်သုံးဆီ အရောင်း ဆိုင်များတွင် နိုင်ငံခြားငွေလဲ လှယ်ရေး လက်မှတ်(FEC) ဖြင့် ဓါတ်ဆီ၊ ဒီဇယ်ဆီိများကို ပုံမှန်နေ့စဉ် ရရှိသည့် ခွဲတမ်းဂါလန်ထက် ပိုမိုဝယ်ယူ လိုလျှင် (FEC) ဖြင့်ဝယ်ယူလိုသမျှ ဂါလန် အရေအတွက် ရောင်းချ ပေးမည်ဖြစ်ကြောင်း သြဂုတ်လ(၂၂)ရက်နေ့ ကစက်သုံးဆီ အရောင်းဆိုင်များ၌ ကြေညာ ထားသည်ကိုတွေ့ရှိခဲ့ရသည်။ အစိုးရစက်သုံးဆီ အရောင်းဆိုင်များ တွင် ဓါတ်ဆီ တစ်ဂါလန်လျှင် (၂၅၀၀)၊ ဒီဇယ်ဆီ တစ်ဂါလန်လျှင် ကျပ်(၃၀၀၀)ဖြင့် ယာဉ်တစ်စီး အတွက်(၂)ဂါလန် ထက်ပိုမိုဝယ်ယူလိုပါက (FEC) ဖြင့် ဝယ်ယူလိုသလောက် ရောင်းချပေးမည့် အစီအစဉ်သစ်ဖြစ်ကြောင်းစုံ စမ်းသိရှိရသည်။ (FEC)ဖြင့် ဓါတ်ဆီ တစ်ဂါလန် (၃.၇၅)၊ ဒီဇယ်ဆီတစ်ဂါလန် (၄.၂) ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံခြားငွေလဲလှယ်ရေးလက်မှတ်(FEC) ကိုအမေရိကန် ဒေါ်လာ(၁)ယူနစ်နှင့် တန်ဖိုးသင့် သတ်မှတ်ပြီး စတင်အသုံးပြုခဲ့သည်။ အမေရိကန်ဒေါ်လာသည် ကမ္ဘာတစ်ဝန်း ကျဆင်း နေကြောင်း သိရသည်။ မော်တော်ယာဉ်အလိုက် ခွဲတမ်း ဂါလန် အပြင် ထပ်မံဝယ်ယူလိုသော စက်သုံးဆီများအား သတ်မှတ် FECဈေးဖြင့် Service Tank အတွင်းသို့ မည်သည့် ဆိုင်မှမဆို လွတ်လပ်စွာ ရောင်းချပေးပါမည်ဟူသော စာတမ်းကို စက်သုံးဆီဆိုင်များ တွင် ချိတ်ဆွဲ ကြော်ငြာ အသိပေးထားကြောင်း သိရှိရပါသည်။ |
|
Last Updated ( Tuesday, 26 August 2008 )
|
|
|
ရိုးမဘဏ်၏ လုပ်ငန်းများ စတင်တော့မည် |
|
Tuesday, 26 August 2008 |
|
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ငွေလွှဲပို့ လုပ်ငန်းတစ်ခု တည်းကို သာလုပ်ကိုင် ဆောင်ရွက် နေရသော ရိုးမဘဏ်သည် ၂၀၀၈ ခုနှစ်မကုန်မီတွင် ဘဏ်လုပ်ငန်း ဆိုင်ရာ လုပ်ငန်းများကို အပြည့်အဝ ပြန်လည်လုပ်ကိုင် တော့မည်ဟုသိရသည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များကို ဘဏ်လုပ်ငန်းသုံး လုပ်နည်းများနှင့် အညီောဆင်ရွက်ခြင်း ရှိမရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန က စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပုဂ္ဂလိကဘဏ် အချို့အားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် ခွင့်များကိုရပ်နားထားစေခဲ့သည်။ ရိုးမဘဏ်သည် ထိုအချိန်က ရပ်နားထားခဲ့ရသည့် ချေးငွေနှင့် စုငွေလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်ခွင့် ရရှိတော့မည် ဖြစ်ကြောင်းသိရသည်။ “ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာ ဗဟိုဘဏ်သို့ ရိုးမဘဏ်က Deposit ကျပ်” သိန်း ၃၀၀၀ တင်ထားပြီး ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ် တစ်ခုအနေဖြင့် အပ်ငွေ လက်ခံခြင်း၊ ချေးငွေ ထုတ်ချေးပေးခြင်း လုပ်ငန်းများ၊ အပြည့်အဝ ဆောင်ရွက်နိုင်မည့် ငွေကြေး ပမာဏကို ဗဟိုဘဏ်သို့ Deposit တင်ထား ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရိုးမဘဏ်အနေဖြင့် ရန်ကုန်တွင်ဘဏ်ခွဲ ၁၄ ခုအပါအဝင် နိုင်ငံ တစ်ဝန်း၌ ဘဏ်ခွဲပေါင်း ၄၂ ခု တည်ထောင် ဖွင့်လှစ်ထားရာ ငွေလွှဲပို့ လုပ်ငန်း တစ်ခုတည်းလုပ်ဆောင်နေရခြင်း ဖြစ်ကြောင်းဘဏ်ခွဲ ၃ ခုကသာ ကုန်ကျ စရိတ် မကာမိဘဲ အရှုံးပေါ်ခဲ့သော်လည်း အမြတ်ရရှိနေသော ဘဏ်ခွဲအရေအတွက်သည် အရှုံးပေါ်သည့်ဘဏ်ခွဲထက် များပြားခြင်းကြောင့် ရိုးမဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းများ ကို ဆက်လက်လည်ပတ် ဆောင်ရွက်သွားနိုင်ရန် ငွေကြေးအင်အားပမာဏ တောင့်တင်းခိုင်မာလျက်ရှိ ကြောင်း ရိုးမဘဏ်၏ အစုရှယ်ယာဝင် တစ်ဦးက ပြောကြားသည်။ ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် ဘဏ်ခွဲ အများဆုံးရှိသည့် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး First Myanmar Investment(FMI) က ၁၉၉၃ ခုနှစ်မှ စတင် ဖွင့်လှစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း(၁၅)နှစ်ကြာ မြင့်ခဲ့ပြီးဖြစ်သည်ကြောင်း ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ထုတ် News Week ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
|
Last Updated ( Tuesday, 26 August 2008 )
|
|
|
ကောင်စီ (၄) လပတ် အစည်းဝေး |
|
Tuesday, 26 August 2008 |
|
ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ် ၏ ဌာနချုပ် ဗဟိုအမှုဆောင် (၄) လ ပတ် အစည်းဝေး အား ဌာနချုပ်ရှိရာ ဗိုလ်ဆွန်ပတ် လမ်းတွင် ၂၄-၈-၀၈ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ယင်း အစည်းအဝေး တွင် သဘာပတိ အဖြစ် ဌာနချုပ် ဥက္ကဌ ဖြစ်သူ အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်က တာဝန် ယူဆောင်ရွက်ခဲ့ပြီး၊ရန်ကုန်နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ဗဟိုအမှုဆောင်မျာ တက်ယောက်ခဲ့ကြပါသည်။
ယခုအပတ် အစည်းအဝေး တွင် အစ္စလာမ်ကောင်စီ ၏ ညီလာခံအား ၂၀၀၉ ခုနှစ် ဧပြီလ တွင်ကျင်းပရန် ဆုံးဖြတ် ခဲ့ကြောင်း သိရှိရပြီး ၊ ယခု အမှုဆောင် နှင့် ဗဟို အမှုဆောင် အဖွဲ့သည် ဥက္ကဌ ဟာဂျီဦးသိန်း ကွယ်လွန်ပြီးနောက် ပထမဆုံး တာဝန် ယူသော အမှုဆောင်အဖွဲ့ဖြစ်ပြီး၊ ဗဟိုအမှုဆောင်၊ အလုပ်အမှုဆောင် တာဝန်များ နှင့် အခြားအခြားသော အပြောင်းအလဲ အများဆုံး ပြုလုပ်သည့် ဗဟိုအမှုဆောင်အဖွဲ့ဟု မြန်မာမွတ်စလင် အဖွဲ့အစည်း များ နှင့်ရင်း နှီးသူများက ပြောဆိုကြပါသည်။ |
|
Last Updated ( Tuesday, 26 August 2008 )
|
|
|
ပညာသင်ချေးငွေဆိုင်ရာဟောပြောပွဲ |
|
Tuesday, 26 August 2008 |
|
ပြည်ပ ပညာသင် ကျောင်းသားများ အတွက် ပညာသင် ချေးငွေ ဆိုင်ရာများနှင့် နိုင်ငံ တစ်ခုချင်းစီ၏ ချေးငွေထုတ်ပေး သည့် လက်ရှိ အခြေအနေ များကို ကျောင်းသား နှင့်ပြောကြားသူတို့ အကြား တစ်ဦးချင်း စီဆွေးနွေးမေးမြန်း နိုင်မည့် ပညာရေး ဆွေးနွေးပွဲ များကိုရန်ကုန်မြို့တော် အခြေစိုက် Myanmar Search InternationalCo., Ltd.(MSI) ကပြုလုပ်မည် ဖြစ်ကြောင်း MSI ၏ ထုတ်ပြန် ကြေညာ ချက်အရ သိရသည်။
ယင်းဆွေးနွေးပွဲများကို သြဂုတ်လ၂၂ရက်မှ ၂၇ရက်အထိ အမှတ်-၂၃၄၊ ဒုတိယ ထပ်၊ ရွှေဘုံသာလမ်း၊ ပန်းပဲတန်းမြို့နယ်တွင် MSI နှင့်သက်ဆိုင်ရာ ပညာရေးအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေး ပြောကြားမည် ဖြစ်၍ စိတ်ပါဝင်စား သူများ တက်ရောက် ဆွေးနွေး မေးမြန်း နိုင်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းဆွေးနွေးပွဲများတွင် ပြည်ပပညာသင် မြန်မာကျောင်းသား များအတွက် ဘာသာရပ် တစ်ခုချင်း အလိုက်ဆွေးနွေးမှုများ၊ ပညာ သင်ကြားလိုသည့် နိုင်ငံတစ်ခုချင်းစီ၏ သီးသန့်လိုအပ်ချက်များ စင်ကာပူနှင့် မလေးရှား၌ ပညာသင်ယူ ခြင်းဆိုင်ရာများ ပါဝင် မည်ဖြစ်ကြောင်း အဆိုပါကြေညာ ချက်တွင် ဖော်ပြထားသည်။
ဆွေးနွေးပွဲများ၏ နောက် ဆုံးရက် ၂၇ရက်တွင် အဆိုပါပညာသင် ချေးငွေရယူခြင်း ဆိုင်ရာများကို ပြုလုပ်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်၌ ဆက်လက် ဖော်ပြထားကြောင်း ၂၀၀၈ခုနှစ်သြဂုတ်လ ၂၅ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော် ပြထားပါသည်။ |
|
Last Updated ( Tuesday, 26 August 2008 )
|
|
|
ရုရှား နှင့် ဂျော်ဂျီယာအကြား Cyber War |
|
Saturday, 23 August 2008 |
|
ရုရှားနှင့် ဂျော်ဂျီယာနိုင်ငံ တို့အကြား လက်နက်ကိုင် တိုက်ခိုက်မှု တစ်ခန်း ရပ်သွားပြီ ဖြစ်သော်လည်း ယင်း နိုင်ငံ များရှိ ကွန်ပျူတာ အထူး ကျွမ်းကျင်သူ Hacker များအကြား တစ်ဖက် နိုင်ငံများအတွင်း လွှင့်တင်ထားသော
website များကို တိုက်ခိုက် ဖျက်ဆီးသည့် Cyber War ဖြစ်ပွားနေကြောင်း ရိုက်တာ သတင်းဌါနက ရေးသား ဖော်ပြသည်။ ရုရှား Hacker များကြောင့် ဂျော်ဂျီယာ အစိုးရဌါနများ၏ Web page များမှာ ပျက်စီး လျှက်ရှိရာတွင် ဂျော်ဂျီယာသမ္မတ ဆာအာခါ ရှာဗီလီ ၏ website ဂျော်ဂျီယာ ပါလီမန်နှင့် နိုင်ငံခြားရေး ၀န်ကြီးဌါန Website များမှာ လည်း တိုက်ခိုက် ခံနေရကြောင်း ရုရှ အစိုးရဌါနများ သတင်းစာများနှင့် တောင် အော်ဆက်တီးယား ပြည်နယ်အုပ်ချုပ်ရေး Website များကိုလည်း ဂျော်ဂျီယာ Hacker များက ကွန်ယက်ချိတ်ဆက် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ရုရှားနှင့် ဂျော်ဂျီယာ အစိုးရများက သတင်း ထုတ်ပြန်သည်။
အဆိုပါ Cyber War တွင် ရုရှ တို့ဘက်က ပိုမို အသာစီးရနေကြောင်း Hacking လုပ်မှုများနှင့် ဆက်စပ်၍ Cyber Crimes များ ဖြစ်လာ နိုင်ကြောင်း Email Security Firm တစ်ခုဖြစ်သော MessageLabs ၏ အကြီးအကဲ အဲလက်ဇ်ရှိပ်က ပြောကြားသည်။
Cyber War တွင် ပါဝင်ဆင်နွှဲနေသည့် နှစ်နိုင်ငံလုံးမှ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာများ အွန်လိုင်း ရာဇ၀တ်မှု ကျူးလွန်သည့် နည်း စနစ်များကို အတုယူ အသုံးချပြီးနေကြောင်း ရုရှပြည်သူများနှင့် ဥရောပ နိုင်ငံများက ယူဆလျက်ရှိသည်။
|
|
Last Updated ( Saturday, 23 August 2008 )
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 1 - 7 of 96 |