Myanmar Muslim Information Centre

  • Increase font size
  • Default font size
  • Decrease font size

အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိ၊နိုင်ငံတော် အကြည်ညိုပျက်စေမှု ကျူးလွန်သည့် ၂၅၀ ခန့်လွ

E-mail Print PDF

မြန်မာနိုင်ငံ အစိုးရသည် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က သက်ဆိုင်ရာ အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျ ခံနေရသော အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများ က စက်တင်ဘာလ ၁၇ရက်နေ့တွင် ထုတ်ပြန်ကြေငြာ ချက်အရ သိရသည်။ ထို့အတူ ၂၀၀၈ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း သက်ဆိုင်ရာ အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျခံနေရ သော အကျဉ်းသား ၉၀၀၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ကြောင်း ၊ ယင်းအကျဉ်းသားများတွင် အသက်၇၀ ကျော် အကျဉ်းသား ၈၃ ဦး၊ ကိုယ် အင်္ဂါမသန်စွမ်းသူ ၇၁ ဦး ၊နာတာရှည်ရောဂါသည် ၅၃ ဦးတို့ ပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ထုတ်ပြန်ကြေငြာချက်နှင့် တရားဝင် မှတ်တမ်းများ အရ သိရသည်။ အလားတူ မြန်မာနိုင်ငံ အစိုးရသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့က သက်ဆိုင်ရာ အကျဉ်း စခန်း အသီးသီးတွင် အကျဉ်းကျခံ နေရသော အကျဉ်းသား ၁၃၅၄ ဦးနှင့် နိုဝင်ဘာ ၁၉ ရက်နေ့တွင်  ၇၁၉၈ ဦး ကိုလွတ်ငြိမ်းချမ်း သာ ခွင့်ပေးလိုက် ကြောင်း ယင်းနေ့များက နိုင်ငံပိုင် မီဒီယာများ၏ ထုတ်ပြန်ကြေညာထားချက်များ အရ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော ရာဇ၀တ်မှု မဟုတ်ဘဲ နိုင်ငံတော် အကြည်ညို ပျက်စေမှုကဲ့သော အမှုများ ကျူးလွန်သည့် အကျဉ်းသား စုစုပေါင်း ၂၅၀ ၀န်းကျင်ကို လွှတ်ပေးမည်ဖြစ်ကြောင်း ၊ ထို အကျဉ်းသားများ လွှတ်ပေးရန်နိုင်ငံ တစ်ဝှမ်း လုံး အကျဉ်းထောင်များသို့ ညွှန်ကြားချက်များကို ဖက်စ်၊ကြေးနန်း၊ တယ်လီဖုန်း များ စသည့် ဆက်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့် ညွှန်ကြားထားသည့် အတွက် မကြာမီရက်ပိုင်းများအတွင်း တဖြည်း ဖြည်း ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောကြားသည်။

“ကျွန်တော်တို့တောင် ညဘက်ကျမှ ဒီညွှန်ကြားချက်ကိုသိတာ။ သိသိချင်းလွှတ်ဖို့ အကျဉ်းသားစာရင်းတွေပြုစုပြီး ဝေးလံ ခေါင်သီတဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေကို ဒီမနက်မှ ညွှန်ကြားချက်တွေ ပို့လိုက်ပါတယ်။ လူအများကြီးဆိုတော့ စာရင်းတွေ မမှားအောင် စစ် ဆေးမှု ပြုလုပ်နေရပါတယ်” ဟု ၄င်းက ရှင်းလင်းပြောကြားသည်။ ရန်ကုန်အင်းစိန် အကျဉ်း ထောင်မှ  အကျဉ်းသား ၅၀၀ ကျော် ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမည် ဖြစ်ကြောင်း၊ ယနေ့အင်းစိန် အကျဉ်း ထောင်မှ အမျိုး သမီး ၆၄ ဦး ၊ အမျိုးသား ၁၀၀ကျော် ပြန်လည်လွှတ်ပေး လိုက် ကြောင်း ၊နောက် ရက်များတွင် ထပ်မံလွှတ်ပေး ဦးမည့် ဖြစ် ကြောင်း ဦးဇော်ဝင်းက ဆိုသည်။ ယနေ့လွတ်မြောက်သော အကျဉ်းသားများတွင် သတင်းထောက် အိမ့်ခိုင်ဦး၊ အယ်ဒီတာ ကျော်ကျော် သန့် တို့ အပါအ၀င် ရာဇ၀တ်မှု နှင့် မူးယစ်ဆေးဝါးမှုများ ၊ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံ တော် ကကြည်ညို ပျက်စေမှု ကဲ့သို့သော အမှုမျိုး ကျူး လွန်သူများ ပါ ၀င်သည်ဟု ဦးဇော်ဝင်းက ဆိုသည်။  (Voice)

Last Updated on Saturday, 19 September 2009 13:20  
Banner

Poll

သင်နေ့ စဉ်
 
Cache Directory Unwriteable